နောက်ဆုံးရ သတင်းဆောင်းပါးများ

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်) မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ MPT Own Shop တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာရုံးအတွင်း ဆေးဖြန်းခြင်း နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းစစ်ဆေးပြီး လိုအပ်သော ကာကွယ်မှုအစီအစဉ်များကိုလျင်လျင်မြန်မြန်ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ စတင်ပြန့်ပွားချိန်ကပင်စတင်ပြီး တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါသည်။ မကြာသေးမီရက်များအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအသစ်များတိုးပွားလာသည်နှင့်အမျှ MPT အနေဖြင့် မြန်မာပြည်သူလူထုအား ကိုဗစ်-၁၉ ကိုတိုက်ဖျက်ရာတွင် အချင်းချင်းလုံခြုံမှုရှိစေရန် နှင့်ပြန့်ပွားမှုကိုရပ်တန့်ရန်အတွက် ကျန်းမာရေးလမ်းညွှန်မှုများကိုတင်းကြပ်စွာလိုက်နာရန် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့်မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၏လုံခြုံမှုနှင့်အကျိုးစီးပွားကို ရှေးရှု၍ MPTသည်တစ်နိုင်ငံလုံးရှိသုံးစွဲသူများအားပိုမိုကောင်းမွန်သောကြိုတင်ကာကွယ်မှုအတွက် ယခုအချိန်မှစ၍ နောက်ပိုင်းထုတ်ပြန်ချက်များတွင် အများပြည်သူများ၊မိတ်ဖက်စီးပွားရေးလုပ်ငန်းများ နှင့်သုံးစွဲသူတို့နှင့်ဆက်စပ်သည့် ဖြစ်ရပ်များကိုသာကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးစွမ်းနိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ယခုကဲ့သို့ဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ပိုမို ကြည့်ရှု့ရန်
MPT Pay သုံးစွဲသူများအနေဖြင့် ငွေကြေးလွှဲပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်...
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်) – MPT Pay သည် သုံးစွဲသူများအား အကောင်းဆုံးနှင့် အဆင်ပြေချောမွေ့စွာဝန...
ပိုမို ကြည့်ရှု့ရန်
COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂)ဦး၊ မူဆယ်မြို့ တွင် တာဝန်ထမ်းဆ...
ပိုမို ကြည့်ရှု့ရန်
MPT သုံးစွဲသူများအနေဖြင့် MPT4U မှတစ်ဆင့် လိုတရ ရှိ အသစ်အသစ်သော ဆောင်းပါးအမျိုးအစားများစွာကို ...
MPT က မိမိတို့ တန်ဖိုးထားရသော သုံးစွဲသူများသို့ ဝန်ဆောင်မှုအမျိုးမျိုးကို ပေးအပ်ရန်အတွက် MPT4U အက်ပလီကေးရှ...
ပိုမို ကြည့်ရှု့ရန်
MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့် အချက်အလက်များ
မြန်မာနိုင်ငံရှိ လိုင်စင်ရဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT အနေဖြင့် ခက်ခဲသော ကာလများအတွင်း မြန်မာပြည်နှ...
ပိုမို ကြည့်ရှု့ရန်
မြန်မာပြည်နှင့်အတူရှိနေပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲသူများသို့ အကောင်းဆုံး ကြိုးပမ်း...
တယ်လီကွန်းဆက်သွယ်ရေးမှာ မြန်မာပြည်သူများအကြား ကောင်းစွာချိတ်ဆက်နေနိုင်ရေးအတွက် အလွန်ပင်အရေးကြီးသည်နှင့်အညီ ...
ပိုမို ကြည့်ရှု့ရန်
MPT MPT ထောဘီ အစီအစဉ်ဝယ်ယူသုံးစွဲသူများသို့ အသိပေးကြေညာချက်
MPT ထောဘီ အစီအစဉ်ဝယ်ယူသုံးစွဲသူ မိဘပြည်သူများအနေဖြင့် မိုဘိုင်းအင်တာနက်ပြတ်တောက်မှုကာလအတွင်း အသုံးပြုရန်ကျန...
ပိုမို ကြည့်ရှု့ရန်
MPT မိုဘိုင်းအင်တာနက်သုံးစွဲသူများကို ကြေညာချက်
လတ်တလောဖြစ်ပေါ်နေသော မိုဘိုင်းအင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် သုံးစွဲသူများအား ပြန်လည်ဖြည့်ဆည်းပေးသည့်အ...
ပိုမို ကြည့်ရှု့ရန်
MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေသည့် MPT Pay၊ KBZ Pay၊ CB Pay များ အပါအ...
နိုင်ငံတစ်၀န်းရှိ သုံးစွဲသူများအဆင်ပြေလွယ်ကူစေရန်အတွက် MPT ၏ ထပ်ဆောင်းကြိုးပမ်းမှုများနှင့်အတူ MPT သုံးစွဲသ...
ပိုမို ကြည့်ရှု့ရန်