သတင်းထုတ်ပြန်ကြေညာချက်များ

MPT ၏ GSM တယ်လီကွန်းဝန်ဆောင်မှုများကို မူလအတိုင်း ပြန်လည်သုံးစွဲနိုင်ကြောင်း မိုဘိုင်းလ်သုံးစွဲသူများသို့ အသိပေးခြင်းနှင့် အဆင်မပြေမှုများအတွက် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအားလုံးအတွက် 200MB + 15 mins ကိုပြန်လည်ထည့်သွင်းပေးသွားမည်
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)- MPT အနေဖြင့် ဖေဖော်ဝါရီလ (၇)ရက်မှ (၈) ရက်အတွင်း ဖြစ်ပွားခဲ့သည့် GSM တယ်လီကွန်း ဝန်ဆောင်မှုအခက်အခဲများကို ဖြေရှင်းပြီးဖြစ်ပါသဖြင့် ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ (၈)ရက် နံနက် ၁၀:၀၉ နာရီအချိန်မှစ၍ MPT ၏ GSM တယ်လီကွန်းဝန်ဆောင်မှုများအားလုံးကို မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ကျန်ရှိနေသေးသော ဝန်ဆောင်မှုများကို သုံးစွဲသူများထံ အမြန်ဆုံး ပြန်လည်ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်ပေါ်ခဲ့သည့် အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်သည့်အနေနှင့် MPT မှ သုံးစွဲသူများကို ဒေတာ 200MB နှင့် MPT အချင်းချင်း 15 မိနစ် ဖုန်းခေါ်ဆိုမှုအား ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ သုံးစွဲသူများသည် လက်ဆောင်ကို ၇ ရက်သက်တမ်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ MPT အနေဖြင့် နိုင်ငံတစ်ဝန်းမှ သုံးစွဲသူများအတွက် တည်ငြိမ် ကောင်းမွန်သော ကွန်ရက် ဝန်ဆောင်မှုပေးနိုင်ရန် အစဥ်အမြဲကြိုးစားလျက်ရှိပြီး ဖြစ်ပေါ်ခဲ့သည့် အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။ MPT ကို စဥ်ဆက်မပြတ် အသုံးပြုနေသည့် နိုင်ငံတစ်ဝန်းမှ သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပိုမို ကြည့်ရှု့ရန်
MPT စေတနာ့ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို မြို့ကြီး (၃) မြို့တွင် စတင်ဆောင...
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်) – MPT အနေဖြင့် သွေးလှူဒါန်းခြင်းသည် လူ့အသက် ကယ်တင်ခြင်းနှင့် ကျန...
ပိုမို ကြည့်ရှု့ရန်
ဘောလုံးချစ်သူများအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ တိုက်ရိုက် (Live) ပွဲစဉ်များကို သက်သာ...
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်) – မြန်မာနိုင်ငံရှိ ဘောလုံးချစ်သူများအားလုံးအတွက် အင်္ဂလိပ်ပရီးမီ...
ပိုမို ကြည့်ရှု့ရန်
ချစ်ခင်လေးစားရပါသော MPT သုံးစွဲသူမိဘပြည်သူများခင်ဗျား
MPT ၏ စာတို (SMS)၊ ဒေတာ၊ မိုဘိုင်းလ် နှင့် တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများကို နဂိုအတိုင်း သုံးစွဲနိုင်ပ...
ပိုမို ကြည့်ရှု့ရန်
လေးစားရပါသော MPT သုံးစွဲသူ မိဘပြည်သူအပေါင်းတို့ခင်ဗျား….
MPT မှ ၀န်ဆောင်မှုပေးလျက်ရှိသော MPT Call Center, ဖိုင်ဘာအင်တာနက်များ၊ မိုဘိုင်းလ် အင်တာနက်များ၊ မိုဘိုင်းလ်...
ပိုမို ကြည့်ရှု့ရန်
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမို...
ပိုမို ကြည့်ရှု့ရန်
MPT မှ ပျော်ရွင်ဖွယ်ရာ နှစ်သစ်လက်ဆောင်အဖြစ် “ပွိုင့်တန်တန်”ပရိုမိုးရှင်းကို မိတ်ဆက်၍ သုံးစွဲသူမျာ...
(ဇန်နဝါရီလ ၁၄ရက်မှ စတင်၍ MPT Club အဖွဲ့ဝင်များအားလုံး MPT Club ၄၄၄ ပွိုင့်အထိနှင့် ပွိုင့်တန်တန်အထူးပက်ကေချ...
ပိုမို ကြည့်ရှု့ရန်
MPT ၏ “အချီကြီးထော” ကံစမ်းမဲအစီအစဉ် မှ နောက်ဆုံးကျန်ရှိနေသော ကျပ်သိန်းတစ်ရာဆုရှင် တစ်ဦး နှင့် ကျပ...
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်) – “အချီကြီးထော” ကံစမ်းမဲအစီအစဥ်၏ ပထမအပတ်ကာလ ရွေးချယ်မှုများပြီးစီး...
ပိုမို ကြည့်ရှု့ရန်
MPT ၏ “အချီကြီးထော” ကံစမ်းမဲအစီအစဉ်မှ ၂၀၂၃ ခုနှစ်ကို သိန်း (၁၀၀) တစ်ဆု နှင့် (၁၀) သိန်းဆု (၅၀) ဆု...
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) – “အချီကြီးထော” ကံစမ်းမဲအစီအစဥ် ပထမအပတ် ၏ ကျပ် သိန်းတစ်ရာဆု ကံထူးရှ...
ပိုမို ကြည့်ရှု့ရန်