လစဥ်ကြေး ဘေလ်ပေးချေခြင်း

B2B ဖိုင်ဘာ အင်တာနက်လိုင်း သုံးစွဲသူများအနေဖြင့်လစဥ်ကြေးပေးသွင်းရာတွင် အောက်ပါနည်းလမ်းများဖြင့် ငွေလွဲ ၀န်ဆောင်ခ တစ်စုံတစ်ရာ ပေးသွင်းရန်မလိုဘဲ လွယ်ကူလျှင်မြန်စွာ ငွေပေးချေမှု ပြုလုပ်နိုင်ပါသည်။

၁) eBanking ဖြင့် ပေးချေခြင်း – “KBZ / CB / AYA/ YOMA” ဘဏ်၏ Mobile Banking/ Internet Banking မှတဆင့် “MPT (Business)” Account သို့ တိုက်ရိုက်ငွေပေးချေခြင်း။

၂) ငွေသားဖြင့် ပေးချေခြင်း  – မိမိတို့နှင့်နီးစပ်ရာ “KBZ / CB / AYA/YOMA” ဘဏ်ခွဲများမှတဆင့် “MPT Business (Special Cash Account)” သို့ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီဖုန်းအခွန်ဌာန (TRA) ရုံးများတွင် လည်းကောင်း ငွေသားဖြင့် ပေးချေခြင်း။

ငွေပေးချေရာတွင် မိမိပေးသွင်းလိုသော ငွေတောင်းခံလွှာတွင် ဖော်ပြပါရှိသည့် သုံးစွဲသူအမှတ် (Customer No)၊ ငွေတောင်းခံလွှာအမှတ် (Invoice Number) နှင့် ကျသင့်ငွေပမာဏ (Amount) တို့အား မှန်ကန်စွာဖြည့်စွက်ဖော်ပြ၍ ငွေပေးချေရမည် ဖြစ်ပါသည်။

value added service mb

ငွေပေးချေမှု ပြုလုပ်နိုင်သော Bank Channel များ

လစဉ်ကြေးငွေတောင်းခံလွှာ(Invoice) များထုတ်ဆင့်ခြင်းနှင့်ပေးပို့ခြင်း

၁။ လစဉ်ကြေးငွေတောင်းခံလွှာအား မည်သည့်နေ့တွင်ပေးပို့ကောက်ခံမည်ဖြစ်ပါသလဲ။

အသုံးပြုသည့် B2B ၀န်ဆောင်မှုအမျိုးအစားအလိုက် လစဉ်ကြေးငွေ တောင်းခံလွှာအား လတစ်လ၏ (၁)ရက်နေ့တွင် ထုတ်ဆင့်၍ အသုံးပြုသူထံသို့ (၅)ရက်အတွင်း ပေးပို့ကောက်ခံမည် ဖြစ်ပါသည်။

၂။ ငွေတောင်းခံလွှာ(E-Invoice) ပေးပို့ရာတွင် မည်သည့်နည်းလမ်းများဖြင့် ပေးပို့မည် ဖြစ်ပါသလဲ

ငွေတောင်းခံလွှာ (E-Invoice) ပေးပို့ရာတွင် ဤရုံးစာရင်းအရ မှတ်တမ်းရယူထားသော သုံးစွဲသူ၏ Email လိပ်စာသို့ တိုက်ရိုက်ပေးပို့မည်ဖြစ်ပြီး၊ သုံးစွဲသူအနေဖြင့် Invoice တွင်ဖော်ပြပါရှိသော သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ရမည် ဖြစ်ပါသည်။

(မှတ်ချက်။ B2B SMEB Internet ၀န်ဆောင်မှုများအတွက် E-Invoice များအား သုံးစွဲသူ၏ Email သို့ ပေးပို့ခြင်းအပြင်၊ သုံးစွဲသူ၏ဖုန်းနံပါတ်သို့ SMS (စာတို) ဖြင့်လည်း E-Invoice အား ပေးပိုကောက်ခံ မည် ဖြစ်ပါသည်။)

၃။ Customer များအနေဖြင့် လဆန်း(၅) ရက်ကျော်လွန်သည်အထိ (E- invoice) များ လက်ခံ မရရှိပါက မည်သို့ ဆောင်ရွက်ရမည် ဖြစ်ပါသလဲ။

Customer များ အနေဖြင့် လဆန်း(၅) ရက် ကျော်လွန်သည်အထိ (E- Invoice)များ လက်ခံမရရှိပါက Billing and AR Management Team ၏ Hotline Number (09-423000501) (သို့မဟုတ်) Email ([email protected]) သို့ ဆက်သွယ်၍ (E- Invoice) များ တောင်းခံနိုင်ပါသည်။

၄။ Customer များအနေဖြင့် E-Invoice လက်ခံသည့် အချက်အလက်များတွင် ဖြည့်သွင်းထားသော ဖုန်းနံပါတ် (သို့မဟုတ်) Email အား ပြောင်းလဲပြင်ဆင်လိုပါက မည်သို့‌ဆောင်ရွက်ရမည် ဖြစ်ပါသလဲ။

Customer များအနေဖြင့် E-Invoice လက်ခံသည့် အချက်အလက်များတွင် ဖြည့်သွင်းထားသော ဖုန်းနံပါတ် (သို့မဟုတ်) Email အား ပြောင်းလဲပြင်ဆင်လိုပါက Billing and AR Management Team ၏ Hotline Number (09-423000501) (သို့မဟုတ်) Email([email protected]) သို့ဆက်သွယ်၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဘေလ်ပေးဆောင်ခြင်း နည်းလမ်းများ

၁။ လစဉ် ဘေလ်ပေးဆောင်ခြင်းအား မည်သည့် Banking များဖြင့် ပေးဆောင်နိုင်မည် ဖြစ်ပါသလဲ။

လစဉ် ဘေလ်ပေးဆောင်ခြင်းအား KBZ / CB / AYA / YOMA ဘဏ်များ၏ Mobile Banking, Internet Banking များ မှတဆင့် ငွေပေးချေနိုင်ပါသည်။

၂။ လစဉ် ဘေလ်ပေးဆောင်ခြင်းအား ငွေသားဖြင့် ပေးချေမည်ဆိုပါက မည်သည့်နည်းလမ်းများဖြင့် ပေးဆောင်၍ ရပါသလဲ။

လစဉ် ဘေလ်ပေးဆောင်ခြင်းအား ငွေသားဖြင့်ပေးဆောင်လိုပါက (KBZ / CB / AYA / YOMA) ဘဏ်ခွဲများ မှတဆင့် MPT Business (Special Cash Account) သို့လည်းကောင်း၊ နီးစပ်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီဖုန်းအခွန်ဌာန (TRA) ရုံးများတွင် လည်းကောင်း ပေးချေ ဆောင်ရွက်နိုင်ပါသည်။

၃။ ငွေပေးချေရာတွင် မည်သည့်အချက်အလက်များအား ဖြည့်သွင်းရေးသားပေးရန် လိုအပ်ပါသလဲ။

ငွေပေးချေရာတွင် တောင်းခံလွှာ၌ ပါရှိသော သုံးစွဲသူအမှတ်(Customer No)၊

ငွေတောင်းခံလွှာအမှတ် (Invoice Number)နှင့် ကျသင့်ငွေပမာဏ (Amount) တို့အား မှန်ကန်တိကျစွာ ဖြည့်စွက်ပေးရမည် ဖြစ်ပါသည်။

ကြွေးကျန်များ ကျန်ရှိခြင်းကြောင့် ဝန်ဆောင်မှုရပ်ဆိုင်းခြင်းနှင့် ဝန်ဆောင်မှု ပြန်လည်ရယူခြင်း

၁။ ကြွေးကျန်များ ကျန်ရှိပါက မည်သည့်အချိန်တွင် လိုင်းအသုံးပြုမှု ရပ်ဆိုင်းခံရပါမလဲ။

ငွေတောင်းခံလွှာတွင် ဖော်ပြပါရှိသည့် နောက်ဆုံးငွေ ပေးသွင်းရန်ရက် (Due Date) ကျော်လွန်ပါက ဝန်ဆောင်မှုကို ယာယီ ရပ်ဆိုင်းခံရနိုင်ပါသည်။

၂။ မည်သည့် အချက်များကြောင့် ကြွေးကျန် ဖြစ်ပေါ်နိုင်ပါသလဲ။

ပေးပို့ထားသည့် E-Invoice အား မစစ်ဆေးမိခြင်း၊ ငွေသွင်းရန် သတ်မှတ်ရက် ကျော်လွန်ခြင်း၊

ငွေသွင်းစဉ် အချက်အလက်ဖြည့်သွင်းမှု မှားယွင်းခြင်းကြောင့် ကြွေးကျန်ဖြစ်ပေါ်နိုင်ပါသည်

၃။ ဝန်ဆောင်မှု မရပ်ဆိုင်းမီ အကြောင်းကြားအသိပေးမှုရှိပါသလား?

ကြွေးကျန်ရှိခြင်းကြောင့် ၀န်ဆောင်မှု ပြတ်တောက်နိုင်ခြင်းအား ကြိုတင်သိရှိနိုင်စေရန် သုံးစွဲသူ၏ Email သို့ အကြောင်းကြားစာ ပေးပို့ခြင်း (သို့မဟုတ်) ဖုန်းနံပါတ်သို့ SMS (စာတို) ပေးပို့ခြင်းအားဖြင့် အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်

၄။ ကြွေးကျန်များ ကျန်ရှိခြင်းကြောင့် ဝန်ဆောင်မှု ရပ်ဆိုင်းခံရပါက မည်သို့ပြန်လည်ဆောင်ရွက် နိုင်ပါသလဲ။

ဝန်ဆောင်မှု ပြန်လည်ရယူရန် ကြွေးကျန်ကို အမြန်ဆုံး ပြန်လည်ပေးဆောင်ပြီး Billing and AR Management Team ၏ Hotline နံပါတ် 09 423000501 (သို့မဟုတ်) Email:so-fixed-ar@ groups.mptmmf.com သို့ ကြွေးကျန်ပေးချေပြီးကြောင်း အထောက်အထားကို ဆက်သွယ်ပေးပို့ရန် လိုအပ်ပါသည်။

၅။ ကြွေးကျန်ပေးချေပြီး မည်သည့်အချိန်တွင် ဝန်ဆောင်မှုပြန်လည်ရရှိနိုင်ပါသလဲ။

ကြွေးကျန်ပေးချေပြီးကြောင်း အတည်ပြုပြီးပါက (ရုံးဖွင့်ရက်- ၂၄ နာရီအတွင်း) ဝန်ဆောင်မှု ပြန်လည် ရရှိရန် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၆။ ဝန်ဆောင်မှု ပြန်လည်ရရှိပြီးနောက် လစဉ်ကြေး ပြန်လည်ကောက်ခံရာတွင် လိုင်းအသုံးပြု၍ မရရှိခဲ့သော ကာလများအတွက် မည်သို့ပေးဆောင်ရပါမလဲ။

ဝန်ဆောင်မှု ပြန်လည်ရရှိပြီးနောက် လစဉ်ကြေး ပြန်လည်ကောက်ခံရာတွင် လိုင်းအသုံးပြု၍ မရရှိခဲ့သော ကာလများအတွက် ခုနှိမ်ပေးခြင်းမရှိဘဲ ကျသင့်ငွေကို အပြည့်ပေးချေရမည် ဖြစ်ပါသည်။

Technical Complain and Enquiries

အကြောင်းအမျိုးမျိုးကြောင့် ဝန်ဆောင်မှု ပြတ်တောက်ခြင်းနှင့် နည်းပညာဆိုင်ရာ အခက်ခဲများ အတွက် မည်သို့ဆောင်ရွက်နိုင်ပါသလဲ။

ဝန်ဆောင်မှု ပြတ်တောက်ခြင်းနှင့် နည်းပညာဆိုင်ရာ အခက်ခဲများ ဖြစ်ပေါ်ပါက MPT-Technical Support Center (TSC) ၏ Hotline (01- 2302274, 01- 2300444) ကို 24/7 ဖုန်းခေါ်ဆိုခြင်း သို့ Email: [email protected] မှတစ်ဆင့် ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

အခြားဝန်ဆောင်မှု/စုံစမ်းမေးမြန်းမှုများ

SME Broadband ဝန်ဆောင်မှုများနှင့် Discount Plan များ Bundle Promotion များနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက မည်သို့ဆက်သွယ်နိုင်ပါသလဲ။

B2B Sales Department ၏ Hotline ဖြစ်သော 09426000323 နှင့် Email: [email protected] မှတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

CONTACT US

best operator in Myanmar