အမေးများဆုံး မေးခွန်းများ
CUG Mobile Services
Q1: Closed User Group ဆိုတာဘာလဲ။
A1: CUG Mobile service ဆိုသည်မှာ အုပ်စုတခုဖွဲ့ ၍ ထိုအုပ်စုအတွင်း အဖွဲ့ဝင်(Member) များ၏ဖုန်း နံပါတ်များထည့်သွင်း ကာထိုဖုန်းနံပါတ်များအချင်းချင်း လွတ်လပ်စွာ ပြောဆို ဆက်သွယ်နိုင်သော ဝန်ဆောင်မှု ဖြစ်ပါသည်။
Q2: MPT CUG plan ၏ ကောင်းကျိုးများက ဘာလဲ။
A2: CUG သည်အုပ်စုအတွင်းအကန့်သတ်မဲ့ဖုန်းခေါ်ဆိုမှု နှင်ကန့်သတ်မဲ့စာတိုပေးပို့မှု
များကို MPT၏ ကွန်ယက်ဧရိယာ အတွင်းအကန့်သတ်မရှိဆက်သွယ်နိုင်သည်။
Q3: မည်သို့သုံးစွဲသူများသည် CUG service အားလျှောက်ထားနိုင်သနည်း။
A3: MPT မှ GSM / WCDMA prepaid နှင့် postpaid အသုံးပြုသူများအားလုံးCUG serviceအား လျှောက်ထားနိုင်ပါသည်။
Q4: CUG deactivate/ရပ်ဆိုင်းလိုပါကမည်သို့လျှောက်ထားရမလဲ။
A4: လတစ်လ မကုန်ဆုံးခင် တစ်ပတ်ကြိုတင်အကြောင်းကြားပေးရပါမည်။
B2B Bundle/Allowance Packages
Q1: B2B Bundle Packageတွင် မည်သို့သောဝန်ဆောင်မှုများဖြစ်သနည်း။
A1:B2B mobile Packages ဆိုသည်မှာ တွင်ဖုန်းပြောဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ ဒေတာအသုံးပြုခြင်းများ ပါဝင်သော စီးပွားရေးလုပ်ငန်းသုံး ပတ်ကေ့ချ်များ ဖြစ်သည်။
Q2: မည်သို့သော SIM card အသုံးပြုသူများသည် B2B Bundle/Allowance Packages ဝန်ဆောင်မှုအား လျှောက်ထားနိုင်သနည်း။
A2:MPTမှ မည်သည့် SIM အမျိုးအစားမဆို ဝန်ဆောင်မှုအားလျှောက်ထားနိုင်ပါသည်။
B2B Data Plan
Q1:B2B Standard Data Plan ဆိုသည်မှာဘာလဲ။
A1:MPT၏ B2B Standard Data Plan ဆိုသည်မှာ မိုဘိုင်းဒေတာဝန်ဆောင်မှု ဖြစ်ပြီး
စီးပွားရေးလုပ်ငန်းများ သင့်တင့်သော နှုန်းထားဖြင့်အသုံးပြုနိုင်ရန်ဖြစ်သည်။
Q2: မည်သို့သော SIM card အသုံးပြုသူများသည် B2B Data Plan Package ဝန်ဆောင်မှုအား လျှောက်ထားနိုင်သနည်း။
A2: MPTမှ မည်သည့် SIM အမျိုးအစားမဆို ဝန်ဆောင်မှုအားလျှောက်ထားနိုင်ပါသည်။
Q3: လျှောက်ထားသူသည် တစ်လအတွင်း packageမည်မျှအား ဝယ်ယူနိုင်ပါသနည်း။
A3: Customer ၏လိုအပ်ချက်အပေါ်မူတည်၍အကန့်အသတ်မရှိဝယ်ယူသုံးစွဲ
အသုံးပြုနိုင်ပါသည်။
Data Only SIM
Q1:Data Only SIM ဆိုသည်မှာဘာလဲ။
A1:Data Only SIM ဆိုသည်မှာ Internet data တခုတည်းသာ အသုံးပြုနိုင်သည့် mobile SIM card ကိုဆိုလိုပါသည်။ (ATM Machine များ၊ Machine to Machine (M2M) များတွင် အများဆုံးအသုံးပြုကြပါသည်။)
Bulk SMS Service
Q1: Bulk SMS Service ဆိုသည်မှာဘာလဲ။
A1: Bulk SMS Service ဆိုသည်မှာ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော SMS messages များအား လုံခြုံ၊ စိတ်ချ ၊ မြန်ဆန်စွာဖြင့် သုံးစွဲသူများဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်သည့် အသုံးဝင်သော အကျိုးရှိသောဝန်ဆောင်မှုတစ်ခုဖြစ်သည်။
Q2: Customerများသည် Bulk SMS Service အား မည်သို့သော ရည်ရွယ်ချက်ဖြင့် အသုံးပြုသင့်ပါသနည်း။
A2: Customer များသည် ၎င်းတို့၏ ဝန်ဆောင်မှုများကို မြှင့်တင်ရန်နှင့် ကြေညာလိုပါက MPT၏
Bulk SMS service သည် အသင့်တော်ဆုံးတစ်ခုဖြစ်သည်။
Mobile Remote Access Service
Q1:Mobile Remote Access ဆိုသည်မှာဘာလဲ။
A1: Mobile Remote Access Services ဆိုသည်မှာ လုံခြုံသော access ဖြင့် သင် ၏စီးပွားရေးလုပ်ငန်း များ တိုးတက်ရန် ကူညီပေးသော အကောင်းဆုံး ဝန်ဆောင်မှုဖြစ်သည်။
Q2:မည်သည့် စက်အမျိုးအစားတွင် အသုံးပြူရန် ခွင့်ပြုထားသနည်း။
A2:Mobile remote access ဝန်ဆောင်မှုအား စက်အမျိုးအစားအမျိုးမျိုး၊ POS, ATM စက်များ
Laptopsအပါအဝင် tablets နှင့် smartphones များတွင် အသုံးပြုရန် ခွင့်ပြုထားပါသည်။
B2B SIM Service
Q1:B2B SIM Service ဆိုသည်မှာဘာလဲ။
A1: မိမိတို့ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ငန်းကိစ္စများအတွက် အသုံးပြုရန် ဆင်းကဒ်များကို မိမိတို့လုပ်ငန်းအမည်ဖြင့် ဝယ်ယူသုံးနိုင်ပြီး B2B Mobile Package များနှင့်အတူတွဲဖက် သုံးစွဲနိုင်ပါသည်။
Q2: B2B ဆင်းကဒ်များကို မည်သို့ဝယ်ယူ မှတ်ပုံတင်နိုင်ပါသလဲ။
A2: လုပ်ငန်းသုံး ဆင်းကဒ်များကို မိမိတို့လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ဝယ်ယူ သုံးစွဲနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှပေးထားသည့် Company Registration (သို့) Company License တို့ကို ပူးတွဲတင်ပြရပါမည်။ အနည်းဆုံး ဆင်းကဒ် (၂)ကဒ် မှစတင်၍မှတ်ပုံတင်သုံးစွဲနိုင်ပါသည်။
B2B Any-net Service
Q1: B2B Any-net သည် မည်သို့သောဝန်ဆောင်မှုများဖြစ်သနည်း။
A1:B2B Any-net သည် မည်သည့် အော်ပရာတာမဆို ဖုန်းပြောဆိုနိုင်သော စီးပွားရေးလုပ်ငန်းသုံး ပတ်ကေ့ချ်များ ဖြစ်သည်။
Q2: မည်သို့သော SIM card အသုံးပြုသူများသည် B2B Any-net ဝန်ဆောင်မှုအား လျှောက်ထားနိုင်သနည်း။
A2:MPTမှ မည်သည့် SIM အမျိုးအစားမဆို ဝန်ဆောင်မှုအားလျှောက်ထားနိုင်ပါသည်။
Voice Pool
Q1: Voice Pool သည် မည်သို့သောဝန်ဆောင်မှုများဖြစ်သနည်း။
A1: Mobileဖုန်းများ အချင်းချင်းသော်လည်းကောင်း PSTNလိုင်းဖုန်းများအားလည်းကောင်း
စျေးနှုန်းချိုသာစွာ မျှဝေခေါ်ဆိုနိုင်ပါသည်။
Data Pool
Q1: Data Pool သည် မည်သို့သောဝန်ဆောင်မှုများဖြစ်သနည်း။
A1: Group တစ်ခုအတွင်း Mobile data များကို မျှဝေ အသုံးပြုနိုင်ပါသည်။
( ဥပမာ-ATM စက်များ၊ POS များ နှင့် Mobile Phone အချင်းချင်း )
Self-care Service
Q1: B2B Self-care ကမည်သည့်ဝန်ဆောင်မှု အတွက်အကျူံးဝင်သနည်း။
A1: B2B Self-care သည် mobile services အတွက်သီးသန့်ဖြစ်ပြီး Customer ကသာ ကြည့်ရှုစစ်ဆေး၍ ရသော Portal တခုဖြစ်သည်။