အမျိုးအစားလိုက် ရွေးရန်

အမေးများဆုံး မေးခွန်းများ

၁။ ဆင်းမ်ကဒ် မှတ်ပုံတင်ခြင်းဆိုတာဘာလဲ။ ဆင်းမ်ကဒ် မှတ်ပုံတင်ခြင်းကိုဘယ်အချိန်မှာ လုပ်ဖို့ လိုပါသလဲ။

ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်းဆိုသည်မှာ တယ်လီကွန်းအော်ပရေတာများထံမှ ဆင်းမ်ကဒ် ဝယ်ယူသည့်အခါ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။
ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်းမှာ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ရဲ့ ညွှန်ကြားချက်အရ MPT မှ လိုက်နာဆောင်ရွက်ခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့်ဆင်းမ်ကဒ် ဝယ်ယူပြီးနောက် မိမိနာမည်ဖြင့် မှတ်ပုံမတင်ထားပါက မှတ်ပုံတင်ရန် လိုအပ်ပါသည်။ MPT4U App မှတစ်ဆင့်လည်းကောင်း၊ MPT’s customer selfcare website (care.mpt.com.mm) မှတစ်ဆင့် လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ MPT Own Shop များကို သွားရောက်၍ ဆင်းမ်ကဒ် မှတ်ပုံတင်ခြင်းအတွက် အကူအညီများ ရယူနိုင်ပါသည် ။

၂။ “Yu Htar DATA” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ်ချေးယူရန်မည်သို့ သတ်မှတ်ထားပြီး ဒေတာပက်ကေ့ချ်များကို ဘယ်လိုချေးယူရမလဲ?

MPT မှ ဒေတာပက်ကေ့ချ်ချေးငွေပမာဏ ကန့်သတ်ချက်ကို အောက်ဖော်ပြပါအချက်များကိုအခြေခံ၍ သတ်မှတ်ထားပါသည်။
၁။ ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်
၂။ ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏ
၃။ MPT ကွန်ရက်တွင် အသုံးပြုသော ရက် အရေအတွက်
အောက်ပါနည်းလမ်းများဖြင့်ချေးယူနိုင်ပါသည်။
‘- *900# ကိုခေါ်ဆိုပြီး ဒေတာပက်ကေ့ချ်ချေးယူခြင်း။
(သို့)
– 9000 သို့ သင်ချေးယူလိုသော ဒေတာပမာဏ (350, 470, 615, 860, 1290, 2160) ကို စာတို (SMS) ပေးပို့၍ ဒေတာပက်ကေ့ချ်ချေးယူခြင်း။
(သို့)
– MPT4U application မှတဆင့် ဒေတာပက်ကေ့ချ်ချေးယူခြင်း တို့ကို နှစ်သက်ရာ နည်းလမ်း ဖြင့် လုပ်ဆောင်နိူင်ပါသည်။

၃။ eSIM ဆိုတာ ဘာလဲ။ eSIM အသုံးပြုနိုင်ကြောင်း မည်သို့စစ်ဆေးပြီး ပြောင်းလဲရန်အတွက် မည်သို့လုပ်ဆောင်ရမည်နည်း။

eSIM သည် ခေတ်မီ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားပြီး Physical SIM Card သုံးစရာမလိုဘဲ Mobile Device တွင် မြှုပ်ထားသော Virtual SIM ဖြစ်ပါသည်။
*#06# ကိုခေါ်ဆိုပြီး EID ဘားကုတ်ကို ဖုန်းscreenပေါ်တွင်မြင်တွေ့ပါက ဤမိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်ပါသည်။
eSIM ပြောင်းလဲရန်် MPT Own Shop သို့သွားရောက်ရမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသော ဆင်းကတ်ကိုတည်ပြုရန် သင်၏ NRC/Passport ကို မူရင်း အပြင် မိတ္တူ ပါယူဆောင်ခဲ့ရမည်။ လက်ရှိအသုံးပြုနေသော MPT ဆင်းကတ် မရှိပါကနှစ်သက်ရာ နံပါတ်အသစ်တစ်ခုကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ မိုဘိုင်းဖုန်းသည် အင်တာနက်ချိတ်ဆက်ထားရန်လိုအပ်သည်။
သင့် eSIM ဖုန်းပေါ်တွင် eSIM ပရိုဖိုင်ကို ထည့်သွင်းရန် eSIM QR ကတ်အသစ်ကို ရယူပြီး အသုံးပြုနိုင်ပြီဖြစ်သည်။
( ယခင် အသုံးပြုလျက်ရှိသော Physical SIM ကဲ့သို့ ) eSIM ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အသုံးပြုနိုင်ပါသည် ။

၄။ ယူထား+ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ? ယူထား+ ဝန်ဆောင်မှုမှ ချေးငွေဘယ်လောက်ထိချေးယူနိုင်ပါသလဲ?

ယူထား+ ဝန်ဆောင်မှုကို ရယူရန်
> USSD code အသုံးပြုပြီး *800# ကိုခေါ်ဆိုပါ။ (သို့)
> SMS အသုံးပြုပြီး “8000” သို့ 800 ဟုရိုက်၍ SMS ပေးပို့နိုင်ပါသည်။ (သို့)
> MPT4U application မှတဆင့်လည်းရယူနိုင်ပါသည်။
သတ်မှတ်ထားသောသင်၏ချေးငွေပေါ်မူတည်၍ အောက်ပါပမာဏများကို ချေးယူနိုင်ပါမည်။
ချေးငွေပမာဏ > ၈၀၀ ကျပ် ၊ ဝန်ဆောင်ခ ၆၀ ကျပ်၊ နောက်ထပ်ငွေဖြည့်မှုမှပြန်လည်ရယူခြင်းအတွက် ၈၆၀ ကျပ်။
ချေးငွေပမာဏ > ၁၀၀၀ ကျပ် ၊ ဝန်ဆောင်ခ ၁၀၀ ကျပ်၊ နောက်ထပ်ငွေဖြည့်မှုမှပြန်လည်ရယူခြင်းအတွက် ၁၁၀၀ ကျပ်။
ချေးငွေပမာဏ > ၁၅၀၀ ကျပ်၊ ဝန်ဆောင်ခ ၁၅၀ ကျပ်၊ နောက်ထပ်ငွေဖြည့်မှုမှပြန်လည်ရယူခြင်းအတွက် ၁၆၅၀ ကျပ်။
ချေးငွေပမာဏ > ၂၅၀၀ ကျပ်၊ ဝန်ဆောင်ခ ၂၅၀ ကျပ်၊ နောက်ထပ်ငွေဖြည့်မှုမှပြန်လည်ရယူခြင်းအတွက် ၂၇၅၀ ကျပ်။
ချေးငွေပမာဏ > ၄၅၀၀ ကျပ်၊ ဝန်ဆောင်ခ ၄၅၀ ကျပ်၊ နောက်ထပ်ငွေဖြည့်မှုမှပြန်လည်ရယူခြင်းအတွက် ၄၉၅၀ ကျပ်။
သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်ဝန်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အဝ(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။ ချေးငွေသက်တမ်းမှာ ရက်ပေါင်း ၃၀ ဖြစ်ပါသည်။

၅။ Ring Tune ဝန်ဆောင်မှုကို မည်သို့ရယူရမည်နည်း။ Ring Tune ဝန်ဆောင်မှုကို မည်သို့ပယ်ဖျက်ရမည်နည်း။

Ring Tune ဝန်ဆောင်မှုအား ရယူရန် 7979 (သို့) *7979# ကို ဖုန်းခေါ်ဆိုပါ။ (သို့မဟုတ်) 7979 သို့ လစဥ်ပေး ဝန်ဆောင်မှု ရယူရန် REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG D ဟု SMS ၊ နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG S ဟု SMS ပေးပို့နိုင်ပါတယ်။
Ring Tune ဝန်ဆောင်မှုကို ပယ်ဖျက်ရန် *7979# ( သို့ ) 7979 ကို အခမဲ့ ဖုန်း ခေါ်ဆိုပါ။ (သို့မဟုတ်) 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်) MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်) 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

၆။ MPT ကနေ ဘယ်လိုပုံစံနဲ့ MPT Club Point တွေ ရရှိနိုင်ပြီး MPT Club Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

နည်းလမ်း လေးမျိုးဖြင့် ရရှိနိုင်ပါသည်။
(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းအသုံးပြုမှု ပမာဏပေါ်မူတည်၍ မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည်ဖြစ်သည်။ ( Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD and VAS service) ဝယ်ယူပြီး အသုံးပြုမှု အားလုံးအပေါ်တွင် ဆိုလိုပါသည်။)
(၂) နေ့စဉ် ထိပေါက်ကစားခြင်း။
(၃) MPT မှပြုလုပ်သော ပရိုမိုးရှင်းကမ်ပိန်းများမှ MPT Club ပွိုင့်အား ဆုလက်ဆောင်အဖြစ် ရရှိနိုင်ပါသည်။
(၄) MPT Club ပွိုင့်မိတ်ဖက်ဆိုင်များမှ ကုန်ပစ္စည်းများ(သို့) ဝန်ဆောင်မှုများကိုဝယ်ယူတိုင်း MPT Club Point  များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။
Club Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ် ရန် *345*3*1# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT ဝန်ဆောင်မှုများကို စစ်ဆေးနိုင်ပါသည်။
မှတ်ချက်-မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Club Point ရှိရန်လိုအပ်ပါ သည်။

၇။ Data Carry Plus Package နှင့် Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ? မည်သူတွေဝယ်ယူအသုံးပြုနိုင်ပါသလဲ?

Data Carry Plus Package သည်ရက်(၃၀)သက်တမ်းဖြင့်အသုံးပြုနိုင်ပြီး 1000GB အထိအပိုလက်ဆောင်ဒေတာများရယူနိုင်မယ့်ပက်ကေချ့်ဖြစ်သလို ဝယ်ယူတိုင်းမှာပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကိုပေါင်းစည်းသယ်ဆောင်ခွင့်လည်းရှိပါတယ်။ ပက်ကေချ့် စျေးနှုန်းများမှာ ၇၉၉ကျပ်ဖြင့် 315 MB ဒေတာ မှစတင်ပြီး ၂၃၅၄၉ကျပ်ဖြင့် 10GB ဒေတာ အထိကြိုက်နှစ်သက်ရာပက်ကေချ့်များအား ရွေးချယ်၀ယ်ယူနိူင်ပါတယ်။
Auto Renewal Data Carry Plus Package ဆိုတာ ပက်ကေ့ချ်၏ ဒေတာများ 50MB အောက်လျော့နည်းချိန်တွင် အလိုအလျောက်သက်တမ်းတိုး၀ယ်ယူနိုင်သောပက်ကေချ့်လေးပါ။ ပုံမှန် Data Carry Plus ပက်ကေ့ချ်များကဲ့သို့ ထိပေါက်ကံစမ်းခွင့်နှင့် 1000 GB အထိ lucky data များ ကံထူးနိုင်မည့်အပြင်ဒေတာလက်ကျန်များကိုလည်းသက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်းသယ်ဆောင်သွားနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုးပက်ကေချ့် စျေးနှုန်းများမှာ ၉၉၇ကျပ်ဖြင့် 434 MB ဒေတာ မှစတင်ပြီး ၁၁၇၅၇ကျပ်ဖြင့် 5GB ဒေတာများအထိကြိုက်နှစ်သက်ရာပက်ကေ့ချ်အား ရွေးချယ်၀ယ်ယူနိူင်ပါတယ်။
*777# (သို့မဟုတ်)MPT4UApp မှတဆင့်၀ယ်ယူနိူင်ပါသည်။ပက်ကေ့ချ်ဈေးနှုန်းများမှာအခွန်၁၅% ပါဝင်ပြီးသားပါ။
– MPT မှ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများနှင့်လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၈။ Data Carry နှင့် ပတ်သတ်သော အချို့ ပက်ကေ့ချ် များ မတွေ့ရတော့ပါ။ ဘာကြောင့်ပါလဲ။

အချို့သော ပက်ကေ့ချ် များ အား ရပ်ဆိုင်းလိုက်ပါပြီ။ ရပ်ဆိုင်းလိုက်ပြီဖြစ်သော ၆၉၉ကျပ်၊ ၁၇၉၉ ကျပ်တန် နှင့် ၁၇၉၉၉ကျပ်တန် အား ပုံမှန်ဝယ်နေကျ တိုက်ရိုက်USSD codes (သို့) SMS channel မှတဆင့်ဝယ်ယူလျှင် အောက်ဖော်ပြပါ ပက်ကေ့ချ်များအား ပြောင်းရွှေ့ဝယ်ယူ ပေးမည်ဖြစ်ပါသည်။
699ks@250MB အစား 799Ks@315MB Data Carry Plus Pack via *777*1# (or) send DC1 to 1332
1799ks@860MB အစား 1149Ks@500MB Data Carry Plus Pack via *777*5# (or) send DC4 to 1332
17999ks@8660MB အစား 11779Ks@5120MB Data Carry Plus Pack via *777*9# (or) send DC8 to 1332

၉။ ကြိုက်ရာခေါ် အစီအစဉ် နှင့် အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ။ မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

– ကြိုက်ရာခေါ် ဆို သည်မှာ သက်သာသော နှုန်းထားဖြင့် ပြည်တွင်း ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဥ်ပေးထားတဲ့ အစီအစဥ်လေး ဖြစ်ပါသည်။ အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုသည်မှာ အလိုအလျောက် သက်တမ်းတိုး ရန် အဆိုပြုဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူပါမည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာပါ။ ၇ ရက်သုံး၊ ၁၅ ရက်သုံး၊ ရက်၃၀ သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်များ နှင့် အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ်များ ကို *997# သို့ခေါ်ဆို၍လည်းကောင်း၊ MPT4U, MPT Pay မှတဆင့် လည်းကောင်း ဝယ်ယူနိုင်ပါတယ်။
– MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ (Special / Premium / Call center / VAS related numbers မပါဝင်ပါ။)

၁၀။ အင်တာနက်ဒီအတိုင်းဖွင့်ထားပါတယ်၊ဘာမှအသုံးမပြုပဲလက်ကျန်ငွေတွေက ဘာကြောင့်ဖြတ်သွားတာလဲ။ လက်ကျန်ငွေကို ဘယ်လိုစစ်ဆေးရမလဲ။

လူကြီးမင်း၏မိုလ်ဘိုင်းဖုန်းတွင် “ Background Data” ကိုပိတ်ထားသင့်ပါတယ်။ တခါတလေမှာလူကြီးမင်းရဲ့ဖုန်းက application တွေ “ Auto Update” ဖြစ်နေတတ်ပါတယ်။ထိုကြောင့် ဖုန်းထဲက “ Auto System Update” ကိုပိတ်ထားသင့်ပါတယ်။ Wifi Hotspotဖွင့်သုံးတဲ့အခါမှာလည်း Password ထည့်ထားသင့်ပါတယ်။ Password မရှိတဲ့အခါ အခြားသူတွေက အလွယ်တကူ ချိတ်ဆက်အသုံးပြု နိုင်တဲ့အတွက်ဒေတာတွေပိုမို ကုန်ကျနိုင်ပါတယ်။
*224# ကိုခေါ်ဆို ပြီး လက်ကျန်ငွေများနှင့် လက်ကျန်ပက်ကေ့ချ်များအကြောင်းကို အသေးစိတ်စစ်ဆေးလို့ရနိူင်ပါသည်။ ထို့အပြင် MPT4U APP ( MPT4U APP တွင် Side bar menu ထဲက -> Manage Account အောက်ရှိ History တွင် လက်ကျန်ငွေနှင့် လက်ကျန်ပက်ကေ့ချ် များစစ်ဆေးနိူင်ပါသည်။) သို့မဟုတ် Tu Tu Chat (MPT4U APP တွင် “ တူတူချက်” icon သို့မဟုတ် MPT Official Website တွင် Tu Tu Chat ၏” Agent နှင့် ဆက်သွယ်ရန်” ) မှတဆင့် စစ်ဆေးနိုင်ပါသည်။
မိမိသတိမထားမိလိုက်ပဲ ဒေတာပိုမို အသုံးပြုမှုကို ကာကွယ်ရန်အတွက် Setting ထဲမှာ Data Limit ကို မိမိ အသုံးပြုလိုသည့် ပမာဏအတိုင်း ကန့်သတ်ထားနိုင်ပါတယ်။

၁၁။ ဆင်းမ်ကဒ် ပျောက်သွားပါက ဘယ်လိုလုပ်သင့်ပါသလဲ။

MPT အရောင်းဆိုင်များသို့ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာချုပ် (ရှိပါက)ယူသွားရန်လိုအပ်ပြီး၊ လတ်တလောခေါ်ဆိုခဲ့သော ဖုန်းနံပါတ် ၃ ခုအား ပြောပြရန်လည်း လိုအပ်ပါသည်။

၁၂။ Special Offer ဆိုတာဘာလဲ။

MPTသုံးစွဲသူတွေမှာ မတူညီတဲ့ သုံးစွဲမှုပုံစံတွေရှိနေတာကြောင့် မတူညီတဲ့ အထူးအစီအစဉ်တွေကို နေ့စဉ်နှင့်အမျှ သုံးစွဲသူတွေအတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။
အထူးအစီအစဉ်များကို နေ့စဉ်သိရှိနိုင်ရန်လည်းကောင်း၊ အထူး ဒေတာပက်ကေ့ချ်များ၊ ထောဘီ၊ Voice ပက်ကေ့ချ်နှင့် SMS ပက်ကေ့ချ်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် လည်းကောင်း *555# နှင့် *2006# တို့သို့ နေ့စဉ်ခေါ်ဆို ဝယ်ယူနိုင်ပါသည်။
*555# နှင့် MPT4U app တို့တွင် ဖုန်းခေါ်ဆိုမှုအစီအစဉ်များ၊ ထောဘီ Package နှင့် ဒေတာ Package များကို လည်းကောင်း *2006# တွင် ဖုန်းခေါ်ဆိုမှုအစီအစဉ်များ၊ ဒေတာ Package များ (သို့မဟုတ်) စာတိုပေးပို့မှု Package များကို အပိုလက်ဆောင်ဒေတာများထည့်သွင်းပေးခြင်း (သို့မဟုတ်) သက်တမ်းတိုး ခံစားခွင့် များရရှိစေခြင်း (သို့မဟုတ်) မတူညီသည့်အထူးအစီအစဉ်များ ပေါ်အခြေခံသည့် အထူးအရောင်းမြှင့်တင်ရေးကာလတစ်ခုအတွင်း အသုံးပြုသူမှရရှိခံစားနိုင်မည့် အခြားသော စိတ်ဝင်စားဖွယ်အထူးအစီအစဉ်များ ကမ်းလှမ်းခြင်းနှင့်အတူ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

၁၃။ Special Flash Event ဆိုတာဘာလဲ။

လစဥ် (၁) ရက်နေ့မှစ၍ *5555# ကို ခေါ်ဆို၍ ၅၊၁၅၊၂၅ ရက်တွေမှာ အထူးလက်ဆောင်များကို ပြန်လည်ရယူနိုင်သည့် အစီအစဥ်ဖြစ်ပါသည်။ MPT GSM/WCDMA prepaid လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါသည်။

၁၄။ B2B ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုရယူနိုင်ပါသလဲ။

B2B ဝန်ဆောင်မှုတွင် စီးပွားရေးလုပ်ငန်းသုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုနှင့် မိုဘိုင်းဝန်ဆောင်မှု ဟူ၍ ၂ မျိုး ရှိ သည်။ စီးပွားရေးလုပ်ငန်းသုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုအား လျှောက်ထားရန်အတွက် Company မှတ်ပုံတင် (သို့မဟုတ်) လုပ်ငန်းလိုင်စင် (သို့မဟုတ်) ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ ရှိရန်လိုအပ်ပါသည်။ သုံးစွဲသူ ၂ ယောက်နဲ့အထက် (သို့) ဆင်းကဒ် ၂ ကဒ်နဲ့ အထက် အသုံးပြုရန် လိုအပ်ပါသည်။
MPT B2B Mobile plan များကို ဝန်ထမ်းကတ်၊ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာနဲ့ နိုင်ငံသားစိစစ်ရေးကတ် ရှိရုံဖြင့်အလွယ်တကူလျှောက်ထားနိုင်ပြီဖြစ်သည်။ပိုမို သိရှိလိုပါက https://mpt.com.mm/mm/business-home-mm/#fixed-line-services မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး (သို့မဟုတ်) B2B hotline 0800 800 9990 (Free of Charge for MPT Subscribers) နှင့် 09426000323 (for Any Other Operators) သို့တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

၁၅။ ဖုန်းငွေဖြည့်ကတ် ခဲခြစ်လိုက်တာ ဂဏန်းတွေပျက်သွားပြီးဖြည့်မရတော့လို့ဘယ်လိုလုပ်ရမလဲ။

ငွေဖြည့်ကတ်တွင် QR Code ပါရှိပါက အဆိုပါ QR Code ကို MPT 4U App တွင် Scan ဖတ်ပြီး ဖြည့်သွင်းကြည့်ပေးပါ။
အဆင်မပြေပါက သက်ဆိုင်ရာဌာနသို့ တင်ပြပေးနိုင်ရန်အတွက် ဆင်းကတ်ကိုမှတ်ပုံတင်ထားသောအမည်
၊ မှတ်ပုံတင်နံပါတ် ၊ ငွေဖြည့်သွင်းမည့် ဖုန်းနံပါတ်အား စာရွက်ပေါ်သို့ချရေးပြီး
ငွေဖြည့်ကတ်နှင့် တကွ ပူးတွဲ၍ ကြည်လင်ပြတ်သားစွာ ဓာတ်ပုံရိုက်ပြီး Tu Tu Chat ၏” Agent နှင့် ဆက်သွယ်ရန်” မှတဆင့်ပေးပို့ပေးပါ။

best operator in Myanmar