MPT ရဲ့ ၁၀နှစ်ပြည့် အထူးကံစမ်းမဲ အစီအစဥ်

MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကျပ်သိန်း (၄၀၀၀) အထိ ကံထူးနိုင်မည့် အထူးကံစမ်းမဲ အစီအစဉ်များ အပါအဝင် Data, Voice Promotion အစီအစဉ်များစွာကို ယူဆောင်လာခဲ့ပါပြီ။ 

ပရိုမိုးရှင်းကာလ – ၂၀၂၄ခုနှစ် ဇူလိုင်လရက်နေ့မစက်တင်ဘာလ ၃၀ရက်နေ့အထိ

နှစ်သက်ရာ ပက်ကေ့ချ်များ ၀ယ်ယူပြီး ကံထူးခွင့်လက်မှတ်များ စုဆောင်းကာ ငွေသားလက်ဆောင် ကျပ်သိန်း ၄,၀၀၀အထိ ကံထူးလိုက်ပါ!

MPT-KSGM ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်သက်ရာ ပက်ကေ့ချ်များ ကို ဝယ်ယူပြီး ကံထူးခွင့်လက်မှတ်များ စုဆောင်းခြင်းဖြင့် ငွေသားလက်ဆောင် ကျပ်သိန်း ၄,၀၀၀အထိ ကံထူးနိုင်မယ့် အထူးကံစမ်းမဲ အစီအစဉ် ကို MPT မှ မိတ်ဆက်ပေးလိုက်ပါသည်။

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပါ၀င်နိုင်ပြီး ရရှိထားသော ကံစမ်းခွင့်လက်မှတ်အရေအတွက်များ ပေါင်းစည်းသွားပါမည်။

ပရိုမိုးရှင်းကာလဖြစ်တဲ့ (ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀) ရက်နေ့အတွင်း ကံစမ်းမဲ အစီအစဉ် တွင်အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူခြင်းဖြင့် လွယ်ကူစွာပါ၀င်နိုင်မှာဖြစ်ပါသည်။

ထို့အပြင် လစဉ် ၅၊၁၅၊၂၅ ရက်များမှာ MPT Special Flash တွင် ပါ၀င်ခြင်းဖြင့်လည်း ကံစမ်းခွင့် လက်မှတ်(၅) စောင်ကို ထပ်မံ ရရှိနိုင်မည်ဖြစ်ပါသည်။

ပရိုမိုးရှင်းကာလ – ၂၀၂၄ခုနှစ် ဇူလိုင်လရက်နေ့မစက်တင်ဘာလ ၃၀ရက်နေ့အထိ

MPT မှ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ် များမှ ရွေးချယ်မည်ဖြစ်ပြီး MPT တရား၀င် Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။

ပက်ကေ့ချ်နှုန်းထားများအပေါ် မူတည်၍ ရရှိနိုင်မည့် ကံစမ်းခွင့်လက်မှတ်များ

ပက်ကေ့ချ်နှုန်းထား လက်မှတ် အရေအတွက်
<=996 1
997~2000 5
2001~3000 10
3001~5000 20
5001~10000 30
10001~20000 50
>20000 100

500MB ဒေတာလက်ဆောင် အကျိုးခံစားခွင့် အခမဲ့ရယူလိုက်ပါ!

SEA-ME-WE5ပင်လယ်ရေအောက်ကေဘယ်လ်ဆက်ကြောင်းချို့ယွင်းမှု ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှုများကို မူလအတိုင်းပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပြီး၊ အဆိုပါကာလအတွင်း အဆင်မပြေဖြစ်ခဲ့တဲ့ MPT သုံးစွဲသူများအတွက် ဒေတာလက်ဆောင် 500MB ကို *2006*5# မှ တစ်ဆင့်ခေါ်ဆိုပြီး ရယူနိုင်ပါပြီ။

ပရိုမိုးရှင်းကာလ – ၂၉ ရက် ဇွန်လ ၂၀၂၄ ခုနှစ် မှ ၀၇ ရက် ဇူလိုင်လ ၂၀၂၄ ခုနှစ် အထိ

အစီအစဉ် ကာလအတွင်း သုံးစွဲသူတစ်ယောက်လျှင် တစ်ကြိမ်သာ ရရှိနိုင်ပါသည်။

500 MB Data Return MPT

ဂိမ်း‌ဆော့ရင်း ဖုန်းတွေကံထူးဖို့ MPT ရဲ့ ၁၀ နှစ်ပြည့်အထူးကံစမ်းမဲ အစီစဥ်မှာပါဝင်စို့၊

ကြိုက်နှစ်သက်ရာ Game Combo ပက်ကေ့ချ်များ ကို ဝယ်ယူပြီး ကံထူးခွင့်လက်မှတ်များ စုဆောင်းခြင်းဖြင့် ငွေသားလက်ဆောင် ကျပ်သိန်း ၄,၀၀၀အထိ ကံထူးနိုင်မယ့် အထူးကံစမ်းမဲ အစီအစဉ် အပြင် Realme ၏နောက်ဆုံးပေါ် ဟန်းဆက်များ ကိုလည်းဆုလက်ဆောင်အဖြစ် ရယူနိုင်ပါပြီ။

ပရိုမိုးရှင်းကာလ – ၂၀၂၄ခုနှစ် ဇူလိုင်လရက်နေ့မစက်တင်ဘာလ ၃၀ရက်နေ့အထိ

ကံစမ်းခွင့်လက်မှတ်များ ကံစမ်းရန်အတွက် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပါ၀င်နိုင်ပြီး ရရှိထားသော ကံစမ်းခွင့်လက်မှတ်အရေအတွက်များ ပေါင်းစည်းသွားပါမည်။

Realme ဟန်းဆက်များ ရရှိနိုင်ရန် သုံးကြိမ်နှင့်အထက် Game Combo Packs ဝယ်ယူသူများအားလုံးပါဝင်ကံစမ်းနိုင်ပြီး ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူခြင်းဖြင့် လွယ်ကူစွာပါ၀င်နိုင်မှာဖြစ်ပါသည်။

Game Combo Data packages MPT

ရရှိနိုင်သောများပက်ကေ့ချ်များ

1 Day Unlimited Data Pack 7 Days Unlimited Data Pack 30 Days Data Pack
189 Ks / 179 Ks 839 Ks / 829 Ks 999 Ks (Cashback – 999 Ks)
Data: Unlimited Data: Unlimited Data: 450 MB
Direct USSD: *8093# (Auto-Renew)
*8093*1# (Regular)
Direct USSD: *8092# (Auto-Renew)
*8092*7# (Regular)
Direct USSD: *8091#

မဟော်သဓာဝန်ဆောင်မှုမှ မေးခွန်းများဖြေဆိုကာ I phone 15 pro max အပြင်ကျပ်သိန်းပေါင်း 4000 အထိ ကံထူးဖို့ MPT ရဲ့ ၁၀ နှစ်ပြည့်အထူးကံစမ်းမဲ အစီစဥ်မှာပါဝင်စို့၊

မဟော်သဓာဆိုတာကဏ္ဍမျိုးစုံပါဝင်သည့် မေးခွန်းများကိုအမေးအဖြေပြုလုပ်ပြီး ဆုကြေးရယူနိုင်မည့် ဝန်ဆောင်မှုဖြစ်ပါသည်။

ပရိုမိုးရှင်းကာလ – ၂၀၂၄ခုနှစ် ဇူလိုင်လရက်နေ့မစက်တင်ဘာလ ၃၀ရက်နေ့အထိ

Top Ten ၁၀ ယောက်ထဲမှ တစ်ယောက်အား Google Randomized Generator အားအသုံးပြု၍ ကံစမ်းမဲနှိုက်ကာ I phone 15 pro max အား လစဉ်ထိုက်တန်စွာချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

Mahawthadar iPhone 15 ProMax

ရရှိနိုင်သော ကံစမ်းဆုများ

ဆုအမျိုးအစား အရေအတွက်
I phone 15 pro max ( ၁ ) ဆု
ဆုကြေးငွေ ၃ သိန်း ( ၁ ) ဆု
ဆုကြေးငွေ ၂ သိန်း ( ၁ ) ဆု
ဆုကြေးငွေ ၁ သိန်း ( ၁ ) ဆု
ဆုကြေးငွေ ၃ သောင်း ( သို့ )

MPT ဖုန်းဘေလ် ၃ သောင်း

( ၇ ) ဆု

Golden Dreams ဝန်ဆောင်မှုမှ ဉာဏ်စမ်းပဟေဠိများကို ဖြေဆိုကာ ကျပ် သိန်း ၅၀ အပြင် ကျပ်သိန်းပေါင်း 4000 အထိ ကံထူးဖို့ MPT ရဲ့ ၁၀ နှစ်ပြည့်အထူးကံစမ်းမဲ အစီစဥ်မှာပါဝင်စို့၊

Golden Dreams ဝန်ဆောင်မှုမှာ လွယ်ကူသော ဉာဏ်စမ်းပဟေဠိများကို ဖြေဆိုခြင်းဖြင့် ဆုလက်ဆောင်များရယူလိုက်ပါ။

ပရိုမိုးရှင်းကာလ – ၂၀၂၄ခုနှစ် ဇူလိုင်လရက်နေ့မစက်တင်ဘာလ ၃၀ရက်နေ့အထိ

Golder Dream

ရရှိနိုင်သော ကံစမ်းဆုများ

ဆုအမျိုးအစား အရေအတွက်
လစဉ်ကျပ် သိန်း ၅၀ ( ၁ ) ဆု

လစဉ်ဆု ငွေသားကျပ် သိန်း ၁၀၀ (တစ်လလျှင် ကျပ် သိန်း ၁၀၀ ကံထူးရှင် ၁၀ ဦး)

အထူးဆုကြီး ငွေသားကျပ် သိန်း ၁,၀၀၀ (အထူးကံစမ်းမဲ အစီအစဉ် ကာလအပြီးတွင် ကံထူးရှင် ၁ ဦး) ကို ရွေးချယ်ပေးမည်ဖြစ်ပါသည်။

အမေးများသောမေးခွန်းများ

၁။ MPT ရဲ့ ၁၀နှစ်ပြည့် အထူးကံစမ်းမဲ အစီအစဥ်ဆိုတာဘာလဲ။

MPT-KSGM ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့် အထူးကံစမ်းမဲ အစီအစဉ် ဖြစ်ပါသည်။

၂။ အထူးကံစမ်းမဲ အစီအစဥ်တွင် မည်သူတွေပါဝင်နိုင်လဲ။

MPT GSM/WCDMA prepaid/postpaid (ဆွေသဟာ)လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။

၃။ အထူးကံစမ်းမဲ အစီအစဥ်တွင် ဘယ်လိုပါ၀င်နိုင်ပါသလဲ။

သုံးစွဲသူများသည် အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူခြင်းဖြင့် အထူးကံစမ်းမဲ အစီအစဉ်တွင် ပါ၀င်နိုင်ပြီး လစဉ်ငွေသားဆု သိန်း ၁၀၀ ကျပ် နှင့် အထူးဆုကြီး သိန်း ၁,၀၀၀ ကျပ် ကံစမ်းခွင့် လက်မှတ်များကိုရရှိမည်ဖြစ်သည်။ ထို့အပြင် အထူးကံစမ်းမဲ အစီအစဥ်ကာလအတွင်း လစဉ် ၅၊၁၅၊၂၅ ရက်များမှာ MPT Special Flash တွင် ပါ၀င်ခြင်းဖြင့်လည်း ကံစမ်းခွင့် လက်မှတ်များကို ရရှိမည်ဖြစ်သည်။

၄။ အထူးကံစမ်းမဲ အစီအစဥ်၏ ဆုလက်ဆောင်ကဘာတွေလဲ။

လစဉ်ဆုမှာ ငွေသားကျပ် သိန်း ၁၀၀ ဖြစ်ပြီး တစ်လလျှင် ကျပ် သိန်း ၁၀၀ ကံထူးရှင် ၁၀ ဦးကို ရွေးချယ်ပေးမည် ဖြစ်သည်။
အထူးဆုကြီးမှာ ငွေသားကျပ် သိန်း ၁,၀၀၀ ဖြစ်ပြီး အထူးကံစမ်းမဲ အစီအစဥ် ကာလအပြီးတွင် ကံထူးရှင် ၁ ဦးကို ရွေးချယ်ပေးမည်ဖြစ်သည်။

၅။ ကံစမ်းခွင့်လက်မှတ်ဘယ်လောက်ရရှိနိုင်ပါသလဲ။

သုံးစွဲသူများသည် အထူးကံစမ်းမဲ အစီအစဥ်အတွက် အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူခြင်းဖြင့် ဝယ်ယူလိုက်သော ပက်ကေ့ချ်နှုန်းထားများပေါ် မူတည်၍ ကံစမ်းခွင့်လက်မှတ်များကိုအောက်ပါအတိုင်း ရရှိမည် ဖြစ်သည်။

ပက်ကေ့ချ်နှုန်းထား လက်မှတ် အရေအတွက်
<=996 1
997~2000 5
2001~3000 10
3001~5000 20
5001~10000 30
10001~20000 50
>20000 100

ထို့အပြင် သုံးစွဲသူများသည် လစဉ် (၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက်) များတွင် MPT Special Flash အစီအစဉ်တွင် ပါ၀င်ခြင်းဖြင့် ကံစမ်းခွင့်လက်မှတ် (၅) စောင်ကို အထူးကံစမ်းမဲ  အစီအစဥ်ကာလအတွင်း   ရရှိမည် ဖြစ်သည်။

၆။ အကျုံး၀င်သော ပက်ကေ့ချ်များကို ဘယ်လို၀ယ်ယူရရှိနိုင်ပါသလဲ။

သုံးစွဲသူများသည်အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာ မည်သည့် အရောင်း ချယ်နယ်မှမဆို ဝယ်ယူနိုင်ပါသည်။ (USSD, MPT4U, POS Agents, Call Center, Chatbot, MPT Website)

၇။ အထူးကံစမ်းမဲ အစီအစဥ်တွင် ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များရှိပါသလား။

အောက်ပါပက်ကေ့ချ်များသည် အထူးကံစမ်းမဲ အစီအစဥ်တွင် ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များ ဖြစ်သည်။

  •  Tourist SIM packs
  • IDD packs
  •  Roaming packs
  •  B2B packs
  •  Data Loan packs

၈။ အထူးကံစမ်းမဲ အစီအစဥ်တွင်ဘယ်နှစ်ကြိမ်ပါ၀င်နိုင်ပါသလဲ။

သုံးစွဲသူများသည် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပါ၀င်နိုင်ပြီး ရရှိထားသော ကံစမ်းခွင့်လက်မှတ်အရေအတွက်များ ပေါင်းစည်းသွားမည် ဖြစ်သည်။

၉။ ကံထူးရှင်များကို ဘယ်လိုရွေးချယ်ကြေငြာပါမည်လဲ။

MPT မှ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်များမှ ရွေးချယ်မည်ဖြစ်ပါသည်။ MPT မှ ကံထူးရှင်တစ်ဦးစီအား (၃) ကြိမ် ဖုန်းခေါ်ဆိုမည်ဖြစ်ပါသည်။ ကံထူးရှင်သည် ဖုန်းခေါ်ဆိုမှု (၃) ကြိမ်စလုံးအား ဖြေဆိုခြင်း မရှိပါက MPT မှ အခြားကံထူးရှင်ကို ရွေးချယ်မည်ဖြစ်သည်။ ကံထူးရှင်များကို ရွေးချယ်ပြီးနောက် လူမှုကွန်ရက် (Facebook၊ Telegram၊ Viber၊ Website) တွင်ကြေငြာပေးပါမည်။

၁၀။ ကံထူးရှင်များသည် ဆုလက်ဆောင်ကို ဘယ်လို လက်ခံရရှိပါမည်လဲ။

ကံထူးရှင်များအား ကြေငြာပြီးနောက် MPT ၏သက်ဆိုင်ရာတာဝန်ရှိသူမှတစ်ဆင့် ကံထူးရှင်တစ်ဦးစီအား ဆက်သွယ်ပြီး ငွေသားဆုလက်ခံရယူရန် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၁။ လစဉ်ငွေသားဆုကိုကံထူးရရှိပြီးပါက အထူးကံစမ်းမဲအစီအစဉ် ကာလအပြီးတွင် အထူးဆုကြီးကို ကံထူးခွင့်ရှိပါသလား။

ရှိပါသည်။ သင်သည် လစဉ်ငွေသားဆုကို ကံထူးရရှိပြီးသော်လည်း အထူးဆုကြီးကို ကံထူးရန် အခွင့်အရေးရှိပါသည်။

၁၂။ ဇူလိုင်လတွင် ပက်ကေ့ချ်များ ဝယ်ယူပြီး ကံစမ်းခွင့် လက်မှတ်များရရှိခဲ့ပါသည်။ သြဂုတ်လတွင် ပက်ကေ့ခ်ျများကို ထပ်မံမဝယ်ယူ၍ ကံစမ်းခွင့် လက်မှတ်များ မရရှိထားပါက သြဂုတ် လစဉ်ကံထူးရှင်ရွေးချယ်ရာတွင်ပါ၀င်ရန် အကျုံး၀င်ပါသေးသလား။

အကျုံးမ၀င်ပါ။ သြဂုတ်လ လစဉ်ကံထူးရှင် ရွေးချယ်ရာတွင် အကျုံး၀င်ရန် သြဂုတ်လတွင် ပက်ကေ့ခ်ျများကို ဝယ်ယူပြီး ကံစမ်းခွင့်လက်မှတ်များကို ရယူရန်လိုအပ်ပါသည်။
သို့သော် အထူးကံစမ်းမဲ အစီအစဉ်ကာလ ပြီးဆုံးချိန်တွင် ရွေးချယ်မည့် အထူးဆုကြီးကို ကံထူးရန် အကျုံး၀င်ပါသေးသည်။

၁၃။ အခြားသူများကို ပက်ကေ့ချ်လက်ဆောင်ပေးလျှင် ကံစမ်းခွင့် လက်မှတ်များ ရနိုင်ပါသလား။

ပက်ကေ့ချ်ကို လက်ဆောင် ပေးပို့သူများသည် ကံစမ်းခွင့် လက်မှတ်များကို ရရှိမည် မဟုတ်ပါ။ ပက်ကေ့ချ်ကို လက်ခံရရှိသူသာ ကံစမ်းခွင့် လက်မှတ်များကို ရရှိမည်ဖြစ်သည်။

၁၄။ Yu Htar 800 Ks ဝန်ဆောင်မှုကို ယူပြီး Yu Htar Balance မှ ပက်ကေ့ချ်ကို ဝယ်ခဲ့ပါသည်။ ကံစမ်းခွင့် လက်မှတ်များ ရနိုင်ပါသလား။

ဟုတ်ကဲ့၊ ကံစမ်းခွင့် လက်မှတ်များကို ရရှိနိုင်ပါသည်။

၁၅။ အထူးကံစမ်းမဲ အစီအစဥ် ကာလက ဘယ်အချိန်ထိလဲ?

အထူးကံစမ်းမဲ အစီအစဥ် ကာလမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက် မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ဖြစ်သည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်း ချက်များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုး အတည်ဖြစ်စေရမည်။

best operator in Myanmar