MPT Voice Package ဆိုတာဘာလဲ?
သုံးစွဲသူများစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ရန် Voice Package သုံးမျိုးကို MPT က မိတ်ဆက်ပေးထားပါသည်။ MPT Voice Packageများကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများသည် တစ်မိနစ်လျှင် ၈ကျပ်အထိ သက်သာသောစျေးနှုန်းများဖြင့် MPT သုံးစွဲသူ မိတ်ဆွေ၊သူငယ်ချင်းများဆီ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။ MPT သုံးစွဲသူများသည် MPT Voice Package ကိုရယူကာ သုံးစွဲသူ သန်း၂၀ကျော် ရှိနေပြီ ဖြစ်သည့် မြန်မာပြည်၏ အကြီးမားဆုံး MPTကွန်ရက်ပေါ်တွင် အဆက်အသွယ်တွေမပြတ်ဘဲ ချိတ်ဆက်နိုင်ပါပြီ။
မိတ်ဆွေ၊သူငယ်ချင်းများဆီ MPT ကွန်ရက်မှတစ်ဆင့် အဆက်အသွယ်တွေမပြတ်ဘဲ ဖုန်းခေါ်ဆိုလိုက်ရအောင်။
မိမိနှစ်သက်ရာကို Voice Package ကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။
-
10 mins Voice Pack
စျေးနှုန်း : ၉၉ကျပ်
မိနစ် : ၁၀ မိနစ်
သက်တမ်း : ၁ ရက်
၀ယ်ယူရန် : MPT4U, *2220#
MPT4U မှ၀ယ်ယူရန် USSD ဖြင့်ဝယ်ယူရန် -
30 mins Voice Pack
စျေးနှုန်း : ၂၄၉ကျပ်
မိနစ် : ၃၀ မိနစ်
သက်တမ်း : ၃ ရက်
၀ယ်ယူရန် : MPT4U, *249#
MPT4U မှ၀ယ်ယူရန် USSD ဖြင့်ဝယ်ယူရန် -
50 mins Voice Pack
စျေးနှုန်း : ၃၉၉ကျပ်
မိနစ် : ၅၀ မိနစ်
သက်တမ်း : ၃ ရက်
၀ယ်ယူရန်: MPT4U, *399#
MPT4U မှ၀ယ်ယူရန် USSD ဖြင့်ဝယ်ယူရန်
သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ
စည်းကမ်းသတ်မှတ်ချက်များ
၁။ MPT GSM/WCDMA Prepaid နှင့် Postpaid (Base Tariff အသုံးပြုသူများအပါအဝင်) အသုံးပြုသူများအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။
၂။ CDMA နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၃။ သတ်မှတ်ထားသောနှုန်းထားမှာ ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးသား ဖြစ်ပါသည်။
၄။ ၁ ရက်စာ Voice Pack ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံအချိန် (၂၃:၅၉:၅၉နာရီ) အထိ ဖြစ်ပါသည်။ ၃ ရက်စာ Voice Pack တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံအချိန် (၂၃:၅၉:၅၉နာရီ) အထိ ဖြစ်ပါသည်။
၅။ MPT-MPT ဖုန်းအချင်းချင်းမှလွဲ၍ အခြားဖုန်းများသို့ခေါ်ဆိုပါက ဝယ်ယူထားသော Any-net မိနစ်များ (သို့) သုံးသလောက်ပေးနှုန်းထားဖြင့် ကောက်ခံကျသင့်မည်ဖြစ်ပါသည်။
၆။ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။
မေးလေ့ရှိသောမေးခွန်းများ
၁။ MPTမှာ ဘယ်လို Voice Package တွေရှိတာပါလဲ။
MPTသုံးစွဲသူများ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်စေရန် Voice Package အမျိုးအစား(၃)မျိုးကို MPTမှ မိတ်ဆက်ပေးထားပါသည်။ Voice Pacakage များကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများသည် MPTဖုန်းများသို့ အသက်သာဆုံး နှုန်းထားများဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။
Package Name | စျေးနှုန်း (ကုန်သွယ်ခွန်ပါ၀င်ပြီး) |
မိနစ် | ၀ယ်ယူရန် | သက်တမ်း |
---|---|---|---|---|
10mins Pack | ၉၉ကျပ် | ၁၀ မိနစ် | *2220# | ၁ ရက် |
30mins Pack | ၂၄၉ကျပ် | ၃၀ မိနစ် | *249# | ၃ ရက် |
50mins Pack | ၃၉၉ကျပ် | ၅၀ မိနစ် | *399# | ၃ ရက် |
Package စျေးနှုန်းများတွင် ကုန်သွယ်ခွန်ပါ၀င်ပြီးဖြစ်ပါသည်။
၂။ MPTရဲ့ Voice Packages ကိုဘယ်သူတွေဝယ်ယူအသုံးပြုနိုင်မှာပါလဲ။
MPT GSM/WCDMA ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကားနှင့် Base Tariff အစီအစဉ် အသုံးပြုနေသူများအားလုံးသည် MPT Voice Package များကို ၀ယ်ယူ အသုံးပြုနိုင်ပါသည်။
၃။ MPTရဲ့ Voice Package ကို ဘယ်လိုဝယ်ယူနိုင်မှာပါလဲ။
- 10Mins Voice Package ကိုဝယ်ယူရန် *2220# ကိုခေါ်ဆိုပါ။
- 30Mins Voice Package ကိုဝယ်ယူရန် *249# ကိုခေါ်ဆိုပါ။
- 50Mins Voice Package ကိုဝယ်ယူရန် *399# ကိုခေါ်ဆိုပါ။
- 10Mins Voice Package ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
- 30Mins နှင့် 50Mins Voice Package တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
၄။ တစ်ရက်အတွင်းမှာ 10Mins Voice Package တွေအများကြီးဝယ်ယူနိုင်ပါသလား။
၀ယ်ယူနိုင်ပါသည်။
၅။ MPT Voice Packageတွေ ၀ယ်ယူထားပါတယ်။ အခြားအော်ပရေတာနံပါတ််ကို ဖုန်းခေါ်ဆိုတဲ့ အခါမှာ ဘယ်လိုကျသင့်မှာပါလဲ။
အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက ပုံမှန်ဖုန်းခေါ်ဆိုခနှုန်းထား အတိုင်းသာ ကျသင့်မည်ဖြစ်ပါသည်။
၆။ USSD Code ကိုရိုက်နှိပ်ခေါ်ဆိုပြီး Voice Package၀ယ်ယူပါတယ်။ ဒါပေမယ့် Voice Packageတွေကိုဝယ်လို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။
- ဖုန်းလက်ကျန်ငွေမလုံလောက်ပါက MPT Voice Package များကိုဝယ်ယူနိုင်မည် မဟုတ် ပါ။
- လူကြီးမင်း၏ ဖုန်းသည် ယာယီပိတ်သိမ်းခံထားရပါကလည်း MPT Voice Package များကို ဝယ်ယူ နိုင်မည် မဟုတ်ပါ။
၇။ Package တစ်ခုချင်းဆီ၏ သက်တမ်းကဘယ်လောက်လဲ။
- 10Mins Voice Package ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
- 30Mins နှင့် 50Mins Voice Package တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
- ဥပမာ –
Package | ၀ယ်ယူသည့်နေ့ | သက်တမ်းကုန်ဆုံးချိန် |
Daily 10 Mins Voice Pack | 01/11/2017 | 23:59:59 of 01/11/2017 |
30 Mins 3 Days Voice Pack | 01/11/2017 | 23:59:59 of 03/11/2017 |
50 Mins 3 Days Voice Pack | 01/11/2017 | 23:59:59 of 03/11/2017 |